Print

အသားအရေထိန်းသိမ်းနည်း

  28-Jul-2017
Preview Image

 

ဒီနေ့ခေတ်မှာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း (Skin Care) တွေအများအပြား ပေါ်ပေါက်လာသလို အလှကုန်ကုမ္ပဏီများလည်း အပြိုင်အဆိုင်ပေါ်ပေါက်လာပါသည်။ အခေါ်အဝေါ်များကလည်း မနည်းလှပါ။ Serum, essence, ampoule, facial foam, body scrub, lotion, toner, moisturizer, sun screen, primer စသည်ဖြင့် Skin Care မျိုးစုံပေါ်ထွက်လာပါသည်။ နာမည်မျိုးစုံဖြင့် ခေတ်နဲ့အပြိုင်အဆိုင် ထွက်လာခဲ့တဲ့ အလှအပပစ္စည်းတွေ အသုံးပြုတဲ့အခါ ကိုယ့်ဖို့က သေချာနားလည်ဖို့အရေးကြီးပါသည်။ ပစ္စည်းတန်ဖိုးလည်း မသေးသောကြောင့် ကိုယ့်အသားအရေနှင့် အပ်စပ်သောပစ္စည်းကို အသုံးပြုဖို့လည်း လိုပါသည်။ 


 Skin Care ဥပဒေအရ စျေးကြီးတိုင်းပစ္စည်းတိုင်းကိုယ်နှင့်ကိုက်ညီမှကိုက်ညီမည် တချို့အလှကုန် များသည် အသားအရေကို ရှိရင်းစွဲထက်ပင် ပိုဆိုးစေတတ်သည်။ ကောင်းကောင်းအသုံးမပြုတတ်လျှင်လည်း အာနိသင်လည်းနည်း သွားတတ်သေးသည်။ ကိုယ်ကဘယ်ပစ္စည်းနဲ့ ကိုက်ညီသလဲ၊ ဘာအတွက်သုံးချင်တာလဲ၊ ဘယ်ပစ္စည်းက ကိုယ့်အတွက် အသုံးဝင်နိုင်သလဲဆိုတာ သေချာနားလည်ဖို့လိုပါသည်။ ကိုယ့်အရေပြား ကိုယ့်အသားအရေအကြောင်း နားမလည်ဘဲ သူများကောင်းတယ်ပြောတိုင်း လိုက်သုံးလျှင်မှားတတ်ပါသည်။ ဒီလိုမဖြစ်အောင် အလှကုန်ပစ္စည်းတွေအကြောင်းအသေးစိတ်နားလည်နေဖို့လိုပါသည်။ 


 ဒီနေ့ Skin Care တွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ အသုံးပြုပုံအဆင့်ဆင့်ကို အရင်ဆုံးဖော်ပြပါမည်။ မျက်နှာလိမ်းသုံးစွဲပုံအဆင့်ဆင့် -

(၁) မျက်နှာသစ်ဆပ်ပြာအရင်သုံးပါ။

(၂) Toner တစ်ခုခုဆက်လိမ်းပါ။ သန့်စင်တဲ့ဂွမ်းစနဲ့လိမ်းရပါတယ်။ 

(၃) ပြီးရင် အပေါ်က Serum (သို့) gels တစ်ခုခုထပ်သုံးပါ။

(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။ အများစုက နို့ရည်ဖြစ်ပါသည်။

(၅) ပြီးရင် နေရောင်ကာလိမ်းဆေး Sunscreen ဆက်သုံးချင်သုံးပါ။

(၆) နောက်ဆုံးရောက်မှသာ  Primer (သို့) Foundation တစ်ခုခုသုံးရပါမည်။


ညပိုင်းအသုံးပြုနည်း

 ညဖက်အရေပြားလိမ်းသုံးတဲ့အခါ နံပါတ် (၁) မှ (၄) အထိ အစဉ်တိုင်း သုံးနိုင်ပါသည်။ Sunscreen နဲ့ Make up မျိုးစုံလုံးဝမသုံးသင့်ပါ။ အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။ အဆီပြန်စေပြီး ဝက်ခြံကိုဖြစ်စေတယ်။ အကယ်၍ ညပိုင်း bleaching cream (အရောင်ချွတ်ခရင်မ်) တစ်ခုခုလိမ်းချင်ရင် မအိပ်ခင် တစ်နာရီမှာ ကြိုလိမ်းထားဖို့လိုပါသည်။ ဒါမှသာ မျက်လုံးထဲမရောက်အောင် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 


သတိပြုစရာအချက်များ

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင်ထားပြီးမှ တခြားဆေးတွေဆက်သုံးပါ။ 

(၂) ညဘက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှထပ်မလိမ်းပါနဲ့။ ဂျပန်လူမျိုးတွေကတော့ Face mask ထပ်အုပ်တာမျိုးရှိပါတယ်)

(၃) မျက်နှာသစ်ဆပ်ပြာ အရေပြားရဲလာရင် အပေါ်မှာဘာမှ မသုံးဘဲ ခဏစောင့်ပါ။ ရဲတာသက်သာမှ Skin Care တွေ ဆက်သုံးသင့်တယ်။


လိမ်းဆေးရွေးချယ်နည်း

• Skin Care တွေသုံးတဲ့အခါ အဆီပြန်တဲ့ အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။ Cream Type တွေ မသုံးသင့်ပါ။ အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ မျက်နှာအဆီပြန်တာ၊ ဝက်ခြံထွက်တာပိုဖြစ်နိုင်တယ်။ 

• ခြောက်သွေ့တဲ့အသားအရေအတွက် Moisturizer နဲ့ Serum လိုပစ္စည်းမျိုး သုံးသင့်ပါသည်။ Cream ပုံစံသုံးနိုင်သည်။ 

• အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် Moisturizer တစ်မျိုုးမျိုး သုံးဖို့လိုပါသည်။ 

• Moisturizer က ပြင်ပလေထုနဲ့ အရေပြားကြားအလွှာတစ်ခုအဖြစ် ကြားခံပေးလိမ့်မည်။ ဒါမှသာကြည်လင်သန့်စင်နေမှာ ဖြစ်ပါသည်။


Credit:

ဒေါက်တာအေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18